ခုဆိုရင် 2009 ကုန်ပြီး 2010 ရောက်လာပါပြီ။ဒီ Post လေးကတော့ နည်းပညာပိုင်းဆိုင်ရာမဟုတ်သလို သတင်းလည်း မဟုတ်ပါဘူး။ကျွန်တော့်ရဲ့ 2009 ကနေ 2010 ကူးပြောင်းတဲ့ ကိုယ်ရေးကိုယ်တာလေးပါ။ ကျွန်တော် 2008 မှာ ကိုစေတန်ဂေါ့ နဲ့စခင်တယ်။အဲ့တုန်းကတော့ ကျွန်တော်က Zorpia လို့ခေါ်တဲ့ Social Network လေးတစ်ခုမှာ ကိုယ့် profile လေးတစ်ခု ကို ပြန်ပြင်နေတဲ့အချိန်းလေးပေါ့။အဲ့တုန်းကတော့ WebSite ရေးတယ်ဆိုတာ အဲ့လိုမျိုးပဲ နားလည်ထားတယ်။ နောက်မှ ကိုစေတန်ဂေါ ကပြောပြတယ်။ဒါ ကိုယ့် Profile ကိုယ်ပြင်တဲ့ အဆင့်ပဲရှိသေးတယ်တဲ့။ ကိုယ်ပိုင် WebSite တစ်ခုဆွဲကြည့်ပါလားဆိုပြီးတေွာ့ကျွန်တော့်ကို Edu က HtmlBasic ကို ပြတယ်။ကျွန်တော်လည်း tutorial ကိုဖတ်ပြီးလုပ်ကြည့်တယ်။Html ကိုတတ်သွားတော့မှ Web ရဲ့ ဝေါဟာရကို နည်းနည်းသဘော ပေါက်သွား ခဲ့တယ်။နောက် Html နဲ့ဆို Web Site ကမလှဘူး။ဒါကြောင့် ကျွန်တော် WebDesign ရဲ့ အသက်ဖြစ်တဲ့ Css လုပ်နေ ဖြစ်တယ်။Css ပြီးတော့ jQuery ရဲ့ Effect တွေကိုသဘောကျပြီး Javascript လုပ်ဖြစ်ခဲ့တယ်။နောက်မှ Blog ကိုဒီမှာ သေသေချာချာပြန်ရေးဖြစ်ခဲ့တယ်။အရင်တုန်း ကတော့ WebDeveloper တစ်ယောက်ဖြစ်ချင်ခဲ့တယ်။ဒါပေမယ့် ကိုယ်တကယ် တတ်သွားမှ ဘယ်လမ်းလိုက်ရ မလဲဆိုတာကိုတော့ 2009 နှစ်ဝက်လောက်က သဘောပေါက်ခဲ့တယ်။WebDesign ကိုလုပ်ဖြစ်တယ်။Photoshop လည်း Tutorial တွေဖတ် ပြီးတော့ စမ်းကြည့်ခဲ့တယ်။ ကိုယ်ပိုင် Wallpaper,Logo,Banner စတာတွေလည်းဆွဲကြည့်ခဲ့တယ်။ခုနောက်ပိုင်းတော့ Typography ဆွဲတာထက် လူပုံတွေကို ပြန်ပြင်ရ တာကို သဘောကျနေခဲ့တယ်။Illustrastor လည်းလုပ်မယ်..ခုလောလောဆယ်တော့ မလုပ်ဖြစ်သေးပါဘူး။ပြီးတော့ WordPress မှာ blog ရေးရတာ ကိုယ်တိုက်ပြန်ပြင်ရေး ထားတဲ့ Template တွေသုံးလို့မရလို့ co.cc နဲ့လုပ်မလားလို့ စဉ်းစားမိတယ်။ဒါပေမယ့် co.cc က တစ်နှစ်ပဲခံတယ်လို့ သိလိုက်တော့ မလုပ်တော့ဘူးလို့ဆုံးဖြစ်ပြီး Domain ဝယ်ဖို့ ပိုက်ပိုက်စုနေတယ်။Template တစ်ခုကိုလည်းပြင်ထားတယ်။Domain တစ်ခုကိုတော့ နောက်လလောက် ဝယ်ဖြစ်ဖို့များတယ်။ဒီနှစ်အတွင်းမှာ မျက်စိကျနေတဲ့ ပစ္စည်းကတော့ IpodTouch နဲ့ MacbookPro.နောက်လလောက်တော့ IpodTouch ဝယ်နိုင်ဖို့ကြိုးစားရမယ်။MacbookPro ကတော့ မစဉ်းစားရဲသေးဘူးဗျ။
20 Jan
2009–>2010
Advertisement

Posted by saturngod on January 20, 2010 at 10:24 pm