ဒီနေ့ညနေ ဘာလုပ်ရမှန်းမသိတာနဲ့ အိမ်မှာရှိတဲ့ ခွေအဟောင်းတွေ ထုတ်ပြီး မွှေနောက်ဖြစ်ခဲ့တယ်။အကုန်လုံးကလည်း ကြည့်ပြီးသားတွေဖြစ်နေတော့ စိတ်ပျက်သွားမိတယ်။ နောက်ဆုံးတစ်ခွေမှာတော့ ကံကောင်း ထောက်မစွာနဲ့ ကျွန်တော် DragonBall Evolution ကိုတွေ့သွားတယ်။ဇာတ်ကားလေးက အကောင်းကြီးတော့မဟုတ်ပေမယ့်လည်း အထဲက Effect တွေကိုကြိုက် လို့ ဆက်ကြည့်ဖြစ်သွားတယ်။ Director ကတော့ James Wong ဖြစ်ပါတယ်။ ကျွန်တော်ထင်တာကတော့ အထဲက Effect တွေက AfterEffect နဲ့ လုပ်ထားတာဖြစ်ဖို့များတယ်။ကျွန်တော်လည်း ခုတလော AE ကိုစိတ်ဝင်စား နေတာနဲ့ အတော်ပဲဖြစ်သွားတာပေါ့။ဇာတ်လမ်းလေးကတော့ Action,Adventure ပုံစံလေးရိုက်ထားတာပါ။ ဇာတ်အိမ်ကတော့ မင်းသား Goku နဲ့Piccolo အပေါ်အခြေခံထားပြီး တော့ Piccolo က ပြန်လည် ထွက်ပေါ်လာတာဖြစ်ပါတယ်။ Goku ရဲ့ အဖိုး Gohan က Goku မွေးနေ့မှာ ပေး Dragon Ball တစ်လုံးကို လက်ဆောင်ပေးခဲ့ပါတယ်။ဒါကို Piccolo ကသိသွားတော့ အိမ်မှာရှိမယ်ပဲ ထင်ပြီး အိမ်ကို မွှေနှောက်ခဲ့ပါတယ်။ ဒါပေမယ့် မတွေ့တော့ အိမ်ကို ဖျက်စီးပျက်ခဲ့ပါတယ်။ ဒါကို သိတော့ Goku ဟာ Party တစ်ခုကနေ အမြန်ပြန်လာတော့ သူ့အဖို့ဟာ အိမ်ထဲမှာ သေလုမြောပဲ ဖြစ်နေပါပြီ။သူ့အဖိုးက Roshi ကိုသွားရှာဖို့ ပြောလို့ သူနောက်နေ့မှာ သွားရှာရင်း နဲ့ ဇာတ်လမ်းလေးစတာပါ။ ခွေတွေကိုတော့ ထုံးစံအတိုင်း ဘန်းကျော် မှာ ကောင်းကောင်းဝယ်လို့ရပါတယ်။
21 Jan
DragonBall#Movie
Advertisement

